Thursday 29 March 2012

ကိုယ့်အသံနဲ. ကွန်ပြူတာကိုခိုင်းလို.ရပါတယ်

window 7 ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် . အသုံးပြုနည်း
(၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .
(၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .
(၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင် Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ .
(၄) Next ကို ဆက်နှိပ်လိုက်ပါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် . Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ်
 
 အခုလောက်ဆို ဒုတိယအဆင့်အသံစမ်းမယ် .
(၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ .
(၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ .
(၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ (၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ
(၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် .
(၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် .
ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . လွယ်ပါတယ် .  . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ . 

သူငယ်ချင်း ထက်ထက်က မေးပို.မျှဝေထားပြီး yeesarlay.multiply.com ကနေကူးယူဖော်ပြထားပါသည် လို.ရေးပေးလိုက်ပါတယ်....

ဓာတ်ပုံ နဲ့  နောက်ခံသီချင်းထားပြီးအခွေထုတ်ချင်ရင် (Window DVD Maker)

ဒီနည်းလေးကတော့ ပုံနဲ့  သီချင်းနောက်ခံထည့်ပီး အခွေထုတ်ချင်တဲ့သူများ အတွက် အဆင်ပြေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် ..Nero လိုတော့ အသေး စိတ် လုပ်လို့ မကောင်းပါဘူး ..ဆိုးတာက DVD ပဲ ထုတ်လို့ ရတာပါ ..ဇာတ်လမ်း တွဲခွေလုပ်ပြီး အခွေစုထုတ်ချင်ရင်တော့ နိုင်ငံခြား ခွေတွေလိုပဲ Menu လေး ထားပြီး အပိုင်းအားလုံးဖွင့်ရန် အပိုင်းရွေးရန် တို့  အညွှန်းထည့်ပေးလို့ ရပါတယ်... Window 7 မှာပဲပါတာ.. Window Xp ဆိုရင် Window Movie Maker ဆိုပြီးပါတယ်..သုံးကြည့် ပါ ဆော့ဝဲထည့်စရာမလိုဘူး Window ထဲက ပါနေပီးသားဆိုတော့ အဆင်ပြေကြမယ်လို. online မျှော်လင့်ပါတယ်.....
 မှတ်ချက်-အသုံးဝင်မယ်ထင်လို. စွယ်စုံကျမ်း ကနေယူပြီး မျှဝေထားတာပါ

Monday 26 March 2012

ဓာတ်ပုံကိုယ်တိုင်ပြင်ချင်သူများအတွက်

internet café မှာဆော့ဝဲမလိုပဲ အွန်လိုင်းကနေ photoshop နဲ့ flash image လုပ်မယ်ဆိုရင် ဒီကောင်းလေးကတော့ဆော့ဝဲမလိုပါဘူး အွန်လိုင်းကနေ ဒါရိုက်ပြင်တဲ့နေရာလေးပါ အနီနဲ့ဝိုင်းပြထားတဲ့နေရာလေးမှာ ကိုယ်ပြင်မဲ့ပုံရဲ့လင့်ထဲ့ပြီးစိတ်ကြိုက်ပြုပြင်နိုင်ပါတယ်...http://www.flashimageeditor.com onlineမင်းသား
ဒါကတော့ free image editor ပါ http://www.imageeditor.net မှာသွားရောက်ကလိနိုင်ပါတယ် onlineမင်းသား
The Old Image Editor ဒါကတော့နောက်တစ်ခုပါ http://www.imageeditor.net မှာသွားရောက်ကလိကြည့်လိုက်ပါ
onlineမင်းသား  နောက်တစ်ခုကတော့ Gif Effect တွေ Image Effectတွေတော်တော်လန်းတဲ့ဆိုက်လေးပါhttp://uk.bloggif.com ဖြစ်ပါတယ်... onlineမင်းသား
 ဒါကတော့ မင်းသားကြီး(ကျော်)---SNAKE ပိုစ့်ပါ..ကြိုက်လို့ WYTUကနေပြန်ရှဲလာတာပါ.. ဒီကောင်လေးကတော့ အရေးပေါ်လေးအနေနဲ့လည်း အဆင်ပြေတယ်ခင်ဗျာ .. photoshop ဆော့ဝဲလ်ကို ကိုယ်ထိုင်တဲ့ဆိုင်မှာ မတင်ထားဘူး .. ကိုယ့်သူငယ်ချင်းကလည်း photoshop နဲ့ ပတ်သတ်လို့ အကူအညီလိုရင် ဒါလေးက ကူညီပေးနိုင်မှာပါ .. photoshop မှာပါတဲ့ feature တော်တော်များများပါပြီး .. Photoshop လိုမျိုးပဲ ပုံစံမို့လို့ .. သုံးရတာ အလွန်အဆင်ပြေပါတယ် .. အောက်မှာ ပြထားတဲ့ website ဖြစ်ပါတယ်ခင်ဗျ .. အသင့်သုံး effect တွေလည်း ထည့်လို့ရပါသေးတယ် .. http://pixlr.com/editor/ ( photo ကို မိမိစိတ်ကြိုက်ပြင်ရန် ) http://pixlr.com/o-matic/ ( အသင့်သုံး effect ထည့်ရန် ) အခု ဆက်လက်မျှဝေမှာက photoshop portable ဖြစ်ပါတယ် .. သူကတော့ memory stick ထဲ ထည့်ထားပြီး လိုချင်ရင် အချိန်မရွေး double click နှိပ်ပြီးသုံးလို့ရပါတယ် .. portable ဆိုတာက install လုပ်စရာမလိုတဲ့ software ကိုပြောတာပါ .. file size လည်း အနည်းငယ်သေးလို့ ဒေါင်းလို့ အဆင်ပြေမှာပါ .. အောက်မှာပါ .....
 Mediafire Links 
=================
1. Photoshop Cs 1 Portable 
2. Photoshop Cs 2 Portable 
3. Photoshop Cs 3 Portable 
4. Photoshop Cs 4 Portable 
5. Photoshop Cs 5 Portable 
=================
Ifile.it Links
=================
 Photoshop Cs 1 Portable
 Photoshop Cs 2 Portable 
 Photoshop Cs 3 Portable 
Photoshop Cs 4 Portable 
Photoshop Cs 5 Portable 
 http://globalmcf.ning.com/ onlineမင်းသား
မှတ်ချက်-(ဒီပို.စ်လေးကို သူငယ်ချင်ထက်ထက်က အီးမေးလ်ပို.ပြီး မျှဝေပေးထားတာပါ...)

Thursday 15 March 2012

ကိုယ့်ရဲ. laptop ပျက်သွားရင် ဘယ်လိုဖြေရှင်းမလဲ....?

အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူးဆိုရင်တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။

၁။ နံရံက Wall Outlet က ကောင်းရဲ့လား သေချာအောင်လုပ်ပါ။ ၎င်းအပြင် Laptop DC Adapter က Wall Outlet ကနေ Power ရနေရဲ့လားကြည့်ပါ။ တကယ်လို့ Power မရဘူးဆိုရင် အခြား Wall Outlet တစ်ခုကို ပြောင်းတပ်ကြည့်ပါ။

၂။ Laptop DC Power မှာ Voltage Output ကမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးပါ။ DC Power ကို Voltmeter နဲ့စမ်းသပ်နိုင်ပါတယ်။

၃။ DC Adapter ကကောင်းတယ်၊ Voltage Output ကလည်း မှန်ကန်တယ်ဆိုရင် Laptop မှ Power Adapter ကိုဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက် ခဏထားပါ။ ပြီးရင် Adapter ကို Plug ပြန်ထိုးပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။
ဒါမှမဟုတ် မိမိစမ်းသပ်တုန်းက Adapter က မကောင်းတာဆိုရင်တော့ နောက်ထပ် DC Adapter နဲ့ လဲလိုက်ပါ။ DC Adapter ကို ၀ယ်မယ်ဆိုရင် ပျက်သွားတဲ့ Adapter နဲ့ ပုံစံတူဝယ်ရမှာပါ။ အကယ်၍ Adapter လဲလိုက်လို့လည်း Laptop က ပျက်နေတုန်းဆိုရင်တော့ Motherboard က ပျက်နေတာ (သို့မဟုတ်) DC Power Jack ကပျက်နေတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ DC Power Jack က ကျိုးနေပြီး Adapter ကနေ Motherboard ဆီကို Power မပေးနိုင်တာဖြစ်ဖို့ များပါတယ်။ အဲဒါဆိုရင်တော့ Laptop ကိုပြန်ဆင်ပြီးတော့ Power Jack ကို အစားထိုးမှရမှာပါ။

Problem2

Laptop ရဲ့ DC Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ Laptop မှာ ဖြစ်ပေါ်နေကြ အသံ (normal noise) တွေလည်း ကြားရတယ်။ LED ကလည်း ပုံမှန်အတိုင်းလင်းတယ်။ ဒါပေမယ့် Screen မှာကျ ဘာမှမပေါ်ဘူး။ Laptop က Start မဖြစ်ဘူး။ ဒါဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။
ပထမဦးဆုံး LCD Screen ကို သေချာစွာကြည့်ပါ။ Laptop LCD Screen မှာ ဘာ Image မှ မပေါ်ဘူးဆိုရင် အခြား External Monitor တစ်လုံးနဲ့တွဲပြီး စမ်းကြည့်ပါ။ Laptop ရဲ့ VGA Port ကို External Monitor နဲ့ Join လိုက်ပါ။ ပြီးတော့ Laptop ကို Power On ပြီး စမ်းသပ်ကြည့်ပါ။
Laptop ရဲ့ Internal LCD Screen နဲ့ External Screen ကြားမှာ Video Output ထွက်ရှိဖို့အတွက် HP Laptop တွေမှာဆိုရင် Fn နဲ့ F4 Keys ကို တစ်ပြိုင်ထဲနှိပ်ပေးရမှာပါ။ Toshiba Laptop တွေမှာဆိုရင် Fn နဲ့ F5 ၊ IBM Laptops တွေမှာဆိုရင် Fn နဲ့ F7 Keys တို့ကို နှိပ်ပေးရမှာပါ။ အဲဒီလို LCD (သို့) Video Cable က ပျက်နေတာပါ။ Video Cable က Motherboard နဲ့ Laptop LCD Screen နဲ့သေချာစွာ ချိတ်ဆက်ထားတယ်ဆိုပေမယ့်လည်း သူ့ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ကြည့်ပါ။ အကယ်လို့ External Monitor နဲ့စမ်းကြည့်လို့မှ ဘာ Image မှ မပေါ်ဘူး။ ပျက်နေတယ်ဆိုရင်တော့ LCD Screen နဲ့ Video Cable ရဲ့ Error မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ ဖြစ်နိုင်ချေအများဆုံးက Laptop Memory ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် Laptop Memory ကို ဖြုတ်ပြီး အခြား Slot မှာပြောင်းပြီးတပ်ကြည့်ပါ။ အကယ်၍ မိမိမှာ Memory Module နှစ်ခုရှိလို့ရှိရင် ၎င်းတို့ကို တစ်ခုပြီးတစ်ခုပြန်ဖြုတ်ပြီး တစ်ခုချင်းစီ ပြန်စမ်းကြည့်ပါ။ ၎င်းနှစ်ခုထဲက တစ်ခုခုက ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Memory ကို Slot ပြောင်းတပ်၊ Memory Module တွေကို ဖြုတ်ပြီး တစ်ခုချင်းစမ်းသပ်လို့မှ မရဘူးဆိုရင် ဒါဟာ Memory နဲ့ ပတ်သက်တဲ့ Error မဟုတ်လို့ပါ။ Laptop မှာ Battery ၊ Hard Drive နဲ့ DVD Drive တို့ကိုဖြုတ်ပြီး ၎င်းပစ္စည်းတွေမပါဘဲ Laptop ကို ဖွင့်ကြည့်ပါ။
နောက်တစ်နည်းက Motherboard မှ Laptop ရဲ့ Video Cable ကို Plug ဖြုတ်ပြီး External Monitor နဲ့ Laptop ကိုတွဲပြီး Power ပြန်ဖွင့်ကြည့်ပါ။
External Monitor မှာကောင်းစွာ အလုပ်လုပ်တယ်ဆိုရင်တော့ Laptop ရဲ့ Display Panel က တစ်ခုခုမှားယွင်းနေတာ ဖြစ်ပါလိမ့်မယ်။ Hard Drive တို့၊ DVD တို့ကို ဖြုတ်စမ်းတာလည်း မရဘူးဆိုရင် နောက်တစ်နည်း Wireless Card ၊ Modem ၊ Keyboard တို့ကို ဖြုတ်ပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။
အဲဒါလည်းပဲ External Monitor မှ ဘာမှမပေါ်ဘူးဖြစ်နေတယ်။
နောက်ဆုံးတော့ Laptop ကို Disassembled လုပ်ပြီး Motherboard ကို ဖြုတ်လိုက်ပါ။
အထက်ကပုံမှာဆိုရင် Video Card က Motherboard မှာ ပေါင်းစပ်တပ်ဆင်ထားတယ်။ CPU မှာ Heatsink နဲ့ Cooling Fan ပါတယ်။ Memory Module ကလည်း ကောင်းတယ်။ DC Power Adapter ကလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ Power ဖွင့်လိုက်တဲ့အခါမှ CPU Cooling Fan ကလည်တယ်။ Monitor မှာ ဘာမှပေါ်ဘူးဆိုရင် သေချာသလောက်ကတော့ (95%ကတော့) Motherboard မကောင်းတာပဲ ဖြစ်ဖို့များပါတယ်။
Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

from နောက်ဆုံးတင်ထားသည့်အကြောင်းအရာများ - Mistake 51 Area by chitoo

Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း
ကျွန်တော်တို့အသုံးပြုနေတဲ့ Laptop တွေမှာ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေပျက်စီးနေလို့ရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။ Hardware ပိုင်းဆိုင်ရာ တစ်ခုခုပျက်စီးနေတာနဲ့ပဲ အဲဒီ Laptop ကြီးကို အသုံးမပြုတော့ဘူးလား။ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲနော်။ အဲဒီပျက်နေတဲ့ အစိတ်အပိုင်းကိုရော အစားထိုးပြီး အသုံးမပြုတော့ဘူးလား။ ဘာပဲပြောပြော အစားထိုးပြီး အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းဆိုရင်တော့ အစားထိုးပြီး အသုံးပြုချင်တာပဲပေါ့။ ဒါကြောင့် ဒီသင်ခန်းစာလေးကို ရေးလိုက်တာပါ။ ဆက်လက်လေ့လာလိုက်နော်။

Network Port ပျက်စီးခြင်း
Laptop အများစုမှာတော့ Network Port (RJ-45 Port) ကို ရောင်းကတည်းက Motherboard နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Built In အနေနဲ့ပါရှိတာပါ။ ၎င်း RJ-45 (Network Port) ပျက်စီးသွားလို့ရှိရင် ၎င်း Laptop နဲ့ Network ချိတ်ဆက်ချင်တဲ့အခါ ဘယ်လိုအသုံးပြုကြမလဲ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမှာလား။ စဉ်းစားစရာပါပဲ။ Desktop မှာဆိုရင်တော့ ရှင်းရှင်းလေးပဲ နောက်ထပ် Network Card တစ်ခုကို PCI Slot မှာ ကောက်စိုက်လိုက်ရုံပေါ့။ အခု Laptop ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်ဗျာ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမယ့် အစား PCMCIA Network Card (aka LAN PC Card) ကို အသုံးပြုနိုင်ပါတယ်။ ၎င်း LAN PC Card ကို Laptop ရဲ့ ရနိုင်တဲ့ PC Slot မှာ တပ်လိုက်လို့ရှိရင် Laptop မှာ Network Port ရသွားမှာပေါ့။

USB Port ပျက်နေခြင်း

Laptop တိုင်းမှာဆိုဆို USB Port ပါရှိပါတယ်။ USB Port က တစ်ခုမက ပါရှိပါတယ်။ ၎င်းတို့အထဲက တစ်ခုလောက်ပဲပျက်မယ်ဆိုရင်တော့ အကြောင်းလားဗျာ။ နောက်တစ်ခုကို ပြောင်းပြီး အသုံးပြုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလိုမှမဟုတ်ဘဲ USB Port တွေအားလုံးပျက်နေပြီဆိုရင် ၎င်း Laptop ကို USB အသုံးပြုချင်တဲ့အခါ (or) Motherboard ပေါ်မှာ ရှိတဲ့ USB Controller ကြီးတစ်ခုလံးပျက်စီးသွားတဲ့အခါတွေမှာ ဘယ်လိုအသုံးပြုကြမလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Motherboard တစ်ခုလုံးလဲရမှာလား။ Motherboard တစ်ခုလုံးလဲမယ့်အစား PCMCIA USB Card ကို အသုံးပြုနိုင်တယ်။ ၎င်း USB Card ကို PC Slot မှာ Plug ထိုးပြီး အသုံးပြုရမှာပါ။ USB Card မှာက USB Port နှစ်ခုပါရှိတာရှိသလို၊ USB Port (၄) ခုပါတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ PCMCIA Card ပေါ်မှာ မူတည်ပါတယ်။

Internal Wireless (Wi-Fi) Card ပျက်စီးခြင်း
အခုနောက်ပိုင်း Laptop မှာ Internal Wireless Card တွေပါရှိလာပါပြီ။ အချို့ Wireless Card တွေဟာဆိုရင် Laptop ရဲ့အောက်ခြေကနေ Door လေးကို အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ Model တွေမှာဆိုရင်တော့ Case အတွင်းမှာ နက်ရှိုင်းစွာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ၎င်း Internal Wireless Card က ပျက်သွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ Internal Wireless Card ကို အစားထိုးလိုက်လို့ရသလို၊ PCMCIA Wireless Card ကို အစားထိုးလို့ ရပါတယ်။

Internal Flash Memory Card Reader ပျက်နေလျှင်
 
အခုနောက်ပိုင်း Newer Laptop တွေမှာဆိုရင် Internal Memory Card Reader တွေပါရှိလာပါတယ်။ Flash Memory Card တော်တော်များများကို ၎င်း Card Reader မှာ ထိုးပြီး အသုံးပြုလို့ရပါတယ်။ တကယ်လို့ Built In ပါလာတဲ့ Card Reader ပျက်သွားပြီဆိုတော့လည်း External USB Flash Memory Card Reader ကိုဝယ်ပြီး အသုံးပြုလို့ရပါတယ်။

Internal CD/DVD Drive ပျက်နေခြင်း
Laptop တိုင်းမှာ CD/DVD Optical Drive တွေပါရှိပါတယ်။ ၎င်း Drive ပျက်စီးနေပြီဆိုရင်တော့ External USB Optical Drive တွေကို အစားထိုးပြီး အသုံးပြုလို့ရပါတယ်။



(၀န်ခံချက်-ဒီနည်းပညာကို neronnight.multiply.com မှတိုက်ရိုက်ကူးယူ ဖော်ပြထားပါသည်။)

ကိုယ့်ရဲ. blog လေးမှာ လူဘယ်နှစ်ယောက်ဝင်ကြည့်သွားလဲ

www.99counters.com ကိုသွားလိုက်ပါ...sing up ကိုနှိပ်ပြီး password ဖြည့်ပါ..sing up လုပ်ပါ..click here ကိုနှိပ်ပြီး theme မှာ ကိုယ်ကြိုက်တဲ့အရောင်စိတ်ကြိုက်ရွေးချယ်ပါ......
counter name ကိုကြိုက်တဲ့နာမည်ပေးပါ..
stat at ကို 0 ထားပါ...
time zone ကို မိမိစိတ်ကြိုက်ရွေးချယ်ပါ...ပြီးရင် save လုပ်ပါ...code(flash code နဲ. java code)ပေါ်လာပါလိမ့်မယ်...ကြိုက်တဲ့ code ကို copy လုပ်ပြီး မိမိ blog က text box ကိုပြန်ပြီး သိမ်းလိုက်ပါ..ပြီးရင် save ပါ...ဒါဆို သူငယ်ချင်းတို. blog မှာ လူဘယ်နှစ်ယောက်ဝင်ကြည့်သွားတယ်ဆိုတာ သိခွင့်ရပါပြီ.....

online ပေါ်မှာကိုယ်မရှိတဲ့အချိန် ပို.လာတဲ့ mail တွေကို auto-replay လုပ်တဲ့နည်း

အရင်ဆုံး gmail ထဲကိုဝင်ပါ..ပြီးရင် ညာဖက်အပေါ်နားမှာ setting ကိုဝင်ပါ..General tab ရဲ.အောက်နားမှာ vacation responder ဆိုတဲ့ service setting ရှိပါတယ်..vacation responder on ကို mark လုပ်လိုက်ပါ..ပြီးရင် sub နဲ. message နေရာတွေမှာ ကိုယ်ရေးချင်တာရေးပြီး save လုပ်လိုက်ပါ...ကဲ..ဒါဆိုရင် online မှာကိုယ်မရှိတဲ့အချိန် ပေးပို.လာတဲ့ mail တွေကို သူ.ဟာသူ auto-replay လုပ်ပေးနေပါလိမ့်မယ်......

Gtalk အကောင့်ကို မသုံးချင်တော့ဘူးဆိုရင် ဖျက်ပစ်လို.ရပါတယ်

G talk ကိုမသုံးချင်တော့ဘူး .. ဘယ်လိုကိစ္စမျိုးနဲ့ မှလည်းမသုံးတော့ဘူး...
ဒါမှမဟုတ်ဒီအကောင့် မှာကပြဿနာကလေးတွေရှိလို့ ဒီအကောင့်ကိုမသုံးတော့ဘူးဆိုရင် အဲဒီ့ အကောင့်ကို ဖျက် ပစ်လိုက် ချင်ရင် ဖျက်လိုက်လို့ ရပါတယ် ....
အရင် ဆုံး g talk ကနေပြီးတော့ setting ကိုသွားလိုက်ပါ ..
ပြီးရင်တော့ account setting ကို ထပ်နှိပ်လိုက်ပါဦး ..
အဲဒါ ဆိုရင် firefox မှာ မိမိနဲ့ ပါတ်သတ်တဲ့ data တွေကိုတွေ့ ပါလိမ့်မယ် ...
အဲဒီကနေမှ MY Product ဆိုတာရဲ့ ဘေးလေးမှာ Edit ဆိုတာလေး ရှိပါတယ် ...
အဲဒါလေးကိုနှိပ်လိုက်ပါ ... ပြီးရင်တော့ Delete Account ဆိုတာကိုတွေ့ပါလိမ့်မယ် ..
အဲဒီအောက်ကClose account and delete all services and info associated with it အဲဒီစာသားလေးကိုနှိပ်လိုက်ပါ ..
ပြီးရင်တော့ အကုန်လုံးကို အမှန်ခြစ်ကလေးတွေပေး ..
ပြီးရင် ယခု သုံးနေတဲ့ password ကို ထည့် ပြီးပြီ ဆိုရင်တော့ Delete google account ကိုနှိပ်လိုက် ...
အဲဒါဆိုရင် ကိုယ့်ရဲ့ account ကို ဖျက်ပြီးသွားပါပြီ ....
ဖျက်ချင်တဲ့ အကောင့်ကလေးများရှိရင်တော့ စမ်းကြည့်ပါဦး...
Account တစ်ခုလုံးကို မဖျက်ပဲနဲ့ ကိုယ်က အဲဒီ့ account နဲ့ တခြား အရေးကြီးတဲ့ website တွေကို ၀င်ပြီးသွားပြီ ဒါပေမယ့် g mail ကိုတော့ မသုံးချင်တော့ဘူးဆိုရင်လည်း G mail နဲ့ ဆိုင်တာကိုပဲ ဖျက်မယ်ဆိုရင် တော့ Remove Gmail permanently ဆိုတာကလေးကို ပဲ နှိပ်ပြီး တော့ G mail ကို အသုံးမပြုပဲနဲ့ Web နဲ့ ဆိုင်တာတွေမှာပဲ ကိုယ် account ကို အသုံးပြုနိုင်ပါတယ်....

မှတ်ချက် ၊ ၊ အဲဒီ account က ဖျက်နေတဲ့ အချိန်အတွင်းမှာ သုံးနေတုန်းဆိုရင်တော့ မပျက်သေးပါဘူး... sign out လုပ်ပြီးရင်တော့ ပြန်ဝင်လို့ မရတော့ ပါဘူး...

ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့


ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ် ၊ ကျနော်တို့မှာ ဒေါ်လာတွေ သန်းချီပြီး ထည့်ထားတဲ့ ဘဏ်စာရင်း နံပါတ်တွေလည်း မရှိဘူး ၊ သတင်းတွေ အတင်းတွေကို ရောင်းစားလို့ ရလောက်အောင် ကျနော်တို့က super stars celebrities တွေလည်း မဟုတ်ဘူး ၊ အဲဒါကြောင့် အများစုက ဟက်ကာတွေရဲ့ရန်ကနေ လွတ်ကင်းနေကြသေးတယ် ၊ သို့သော်လည်း ဘာအတွက်မှ မဟုတ်ပဲ ဟက်လို့ရတဲ့ Gmail တို့ facebook တို့က ID နဲ့ password တွေကို ထောင်သောင်းချီပြီး ထုတ်ပြနေတဲ့ ဟက်ကာငကြွား အစွမ်းပြသမား တွေကလည်း ရှိနေတော့ သတိတော့ ထားရမှာပဲ ။
တချို့တွေ ကျပြန်တော့လည်း ဟိုဖက်ဒီဖက် password လေးတွေ လဲလှယ်ထားကြတာမျိုး ကလည်းရှိနေတော့ ကိုယ်ဝင်ဖတ်လိုက် သူဝင်စစ်လိုက်နဲ့ပေါ့ ။
အဲဒီလိုမျိုး ကိုယ့် Gmail ထဲကို ဘယ်အချိန်မှာ ဘယ်နေရာကနေ ၀င်သွားတယ်ဆိုတဲ့ မှတ်တမ်းကလေးကို ကျနော်တို့ သိနိုင်ရင် ကောင်းမှာပါ ၊ တလောက ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ Gmail ကို ဖွင့်ပြီး စစ်ပြတော့ မသင်္ကာစရာ တစ်ခုတွေ့ရတယ် ၊ အဲဒီလိုပဲ မကြာမကြာ ဆိုသလို Gmail account တချို့ ၀င်မရဘူးလို့ ပြောနေတာတွေလည်း ကြားနေရတယ် ၊ ဒါနဲ့ပဲ စစ်ကြည့်ရမယ့် နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ၊ အနည်းဆုံး တစ်ခါတော့ စစ်ကြည့်သင့်ပါတယ် ။
သေချာစေချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သုံးနေတဲ့ IP (Internet Protocol) address ကို သိအောင်လုပ်ရပါမယ် ၊ အဲဒါကလည်း ဘာမှမခက်ပါဘူး google search bar (www.google.com) မှာ my ip လို့ရိုက်လိုက် ၊ ရိုက်လို့တောင် မပြီးသေးဘူး ပေါ်လာပြီ ၊ အောက်မှာ ဖတ်ကြည့်ပြီး မှတ်ထားလိုက် ၊ အဲဒါမှ ခက်သေးရင်လည်းရတယ် ဘာမှမလုပ်နဲ့ ၊ နောက်မှ အဖြေကို ကြည့်ပြီး စဉ်းစားနည်းပြောမယ် ။
ကြည့်တော့မယ်ဆိုရင် ကိုယ့်ရဲ့ account နဲ့ login ၀င်လိုက်ပါ ၊ mail စာမျက်နှာရဲ့ ဟိုးညာဖက် အောက်ဆုံးဒေါင့်မှာရှိတဲ့ Details ဆိုတဲ့ စာလုံးလေးပေါ် ကလစ်လုပ်လိုက်ပါ ၊ အဲဒီမှာ Gmail account ထဲကို ၀င်သွားတဲ့မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်
Access type (ကွန်ပြူတာကနေ၀င်သုံးတာလား ၊ ဖုန်းကနေ ၀င်တာလား စသည်) ၊
Location (၀င်သုံးတဲ့နိုင်ငံ) ၊
IP address ( အင်တာနက်လိပ်စာ) ၊
Date/Time (၀င်သွားတဲ့ရက် နဲ့ အချိန် ) … စတာတွေကို တွေ့ရပါမယ် ..
အဲဒီမှာ ထူးခြားပြီး ၀င်သွားတာမျိုးရှိရင် Google ကသိနေပြီး အနီရောင် highlight ပြထားပါတယ် ၊ ပြီးရင် အနီရောင်စာတမ်းနဲ့ပဲ password အမြန်ပြောင်းဖို့ကိုလည်း သတိပေးချက် ရှိနေပါလိမ့်မယ် 


ကိုယ်ရှိနေတဲ့နိုင်ငံနဲ့ ကိုယ်သုံးစွဲခဲ့တဲ့ အချိန်တွေကို ကြည့်ပြီး ကိုယ့်စက်ရဲ့ IP ဘာဖြစ်မလဲ ကြည့်ပါ ၊ မကြာခဏ တူနေတာ ကိုယ့် IP ပေါ့ ၊ ကိုယ်က Gmail တဲ့သုံးတဲ့အချိန်နဲ့ စက်ကဖေါ်ပြထားတဲ့ သုံးစွဲချိန်ကို တိုက်ဆိုင်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ် ၊ သူငယ်ချင်း အခန်းမှာ သွားလည်တုန်း Gamil ဖွင့်တယ်ဆိုရင်လည်း IP ပြောင်းသွားပါလိမ့်မယ် ၊ နိုင်ငံတော့ မပြောင်းဘူးပေါ့

ဒါဆိုရင် ကိုယ်နဲ့ ဆိုင်တဲ့သူ ၀င်တာလား မဆိုင်တဲ့သူ ၀င်မွှေသွားတာလားဆိုတာကို စစ်ဆေးကြည့်နိုင်ပါပြီ ။

(၀န်ခံချက်-ဒီနည်းလေးကို zplintan ကနေတိုက်ရိုက်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)

Tuesday 13 March 2012

စိတ်ကြိုက် flash သီချင်းများ



အချစ်ဆုံးလေး..ဖြူ    ပြော-အောင်လ    ချစ်တယ်..ဟုတ်- Bunny phyo     နားနားဘေးမှာ-လွမ်းပိုင်    မင်းပြန်လာမဲ့နေ.   ရိုးမြေကျ-ရဲလေး    onlineချစ်သူ ညီမလေးအတွက် ဟုတ်လို.လား-ဆိုတေး မင်းတစ်ယောက်သာ ကလေးရယ် မမေ့ရက်နိုင်တဲ့အကြောင်းများ တမ်းတခြင်း ခေါက်ပစ်လိုက် မိုးတိမ်ကဗျာ နင်နဲ.ငါ..သူငယ်ချင်း မင်းအနားမှာနေချင်တယ် အလွမ်းပြေအနမ်း အရာရာမင်း မင်းလေးသိဖို. ပုံရိပ်လေး ဥမ္မာလီဇာ တယ်လီဖုန်း ဆုတောင်းပြည့်ချင်တယ်   ဒီအတိုင်းလေးချစ်နေမယ်-အောင်လ  over you 
ကလေးလေးရယ်  တိတ်တိတ်လေးပါပဲ-ဆိုတေး  
နင်နဲ.ငါနဲ.သူငယ်ချင်း  ဘိုင့်ဘိုင်  သမီးလေး  baby  အချစ်လို.ခေါ်သလား-ထူးအယ်လင်း



 

Skin လှလှလေးနဲ. Gtalk

မူရင်း gtalk software ကို ပိုလှအောင်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ် ... ၄င်းကို အသုံးပြုဖို့အတွက် ရိုးရိုး gtalk software ကို install လုပ်ထားရပါမယ် ... လုပ်နည်းကတော့ ၁။ ပထမဆုံး ဒေါင်းလုပ်ချပါ။ ၂။ လက်ရှိ အသုံးပြုသော gtalk chat box အားလုံးကို ပိတ်ပစ်ပါ။ ၃။ ဒေါင်းလုပ်ချထားသော google.exe ကို run ပါ။ ၄။ ခုဆိုရပါပြီ .. ပုံမှန်အတိုင်းအသုံးပြုနိုင်ပါပြီဗျာ အစိမ်းရောင် skin လေးကိုလိုချင်ရင် ဒီနေရာကိုနှိပ်ပါ... အပြာနုရောင် skin လေးကိုလိုချင်ရင် ဒီနေရာကိုနှိပ်ပါ... မှတ်ချက်။ ။ အမြဲတမ်း အသုံးပြုချင်ပါက ဒေါင်းလုပ်ချထားသော googletalk.exe အား copy လုပ်၍ “C:\Program Files\Google\Google Talk” ဖိုဒါထဲကို ၀င်လိုက်ပါ … ဖိုဒါထဲရှိ မူလ googletalk.exe အား delete လုပ်ပြီး copy ယူလာသောဖိုင်အား paste လုပ်ခြင်းဖြင့် အသုံးပြုနိုင်ပါတယ်….။

အလှနတ်သမီးလေးများ


မေသက်ခိုင် 
ယုသန္တာတင် 
 



Monday 12 March 2012

Gtalk မှာလိမ်လည်နေသူများကို ရှာဖွေနည်း

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။

http://www.spypig.com/


ကိုသွားလိုက်ပါ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။ 



မှတ်ချက်-(kozaw ရဲ.ပို.စ်လေးကို ကြိုက်လို.ပြန်လည်ဝေမျှထားတာပါ)

Friday 9 March 2012

MP3 player လေးတွေလုပ်ချင်ရင်...

ကိုယ်ပိုင်website လေးတွေမှာmp3 player လှလှတွေတင်ချင်တဲ့သူတွေအတွက် သတင်းကောင်းပါ...အဲဒီဘယ်မှာလဲဆိုရင် www.myflashfetis.com မှာအကောင့်တစ်ခုအရင်ဆုံးဖွင့်လိုက်ပါ...ပြီးအဲဒီမှာ..ဒီဇိုင်းအစုံ..အရောင်စုံ mp3 player လှလှလေးတွေကိုတွေမြင်ရမှာပါ...သူ့မှာသီချင်းတွေဘယ်လိုတင် ပြီးဘယ်လိုshare ရမှာလဲဆိုတော့..ကိုယ်တင်ချင်တဲ့..သီချင်းတွေကို.file hosting web တစ်ခုခုမှာအရင်..upload လုပ်ရမှာပါ..အဲဒီhosting websတွေကိုထုတ်ပေး တဲ့ကိုယ့်သီချင်းတွေရဲ့url နဲ့ဒီmyflashfetishမှာလာတင်၇မှာဖြစ်ပါတယ်..ဥပမာ boxstr, mediafire, ziddu , hotlink တို့မှာတင်ထားတဲ့ကိုယ့်သီချင်းဖိုင်တွေရဲ့ urlတွေနဲ့ဒီမှာလာရှယ်ရမှာဖြစ်ပါတယ်....ပြီးရင်သူ့မှာအားသာတာတစ်ခုရှိတယ်ဗျ player ဒီဇိုင်းတွေစုံပြီး..အဲဒီထဲကမှ..colourကိုလည်းကိုယ့်စိတ်ကြိုက်..ဖန်တီးနိုင်တာပါပဲ ကိုယ်ပိုင်mp3 player လေး Creat လုပ်ပြီးသွားပြီဆိုရင်တော့..ကိုယ်ပိုင်ဆိုဒ်လေးတွေမှာသွားရှယ်ဖို့HTML codeကို ထုတ်ပေးပါတယ်..ဥပမာ..friendster hi5 bebo blogger အစသဖြင့် HTML base ပါတဲ့မည့်သည့်ဆိုဒ်မှာမဆိုသွားရှယ်နိုင်ပါပြီ. ...ကိုယ်create လုပ်ခဲ့တဲ့player လေးကိုပြန်ပြီuးpdate လုပ်ချင်တယ်ဆိုရင်လည်းလုပ်နိုင်ပါတယ်...အဲလိုလုပ်လို့shareထားတဲ့ဆိုဒ်တွေမှာ codeတွေကိုလိုက်ပြီuးpdateလုပ်စရာမလိုပါဘူး..auto update ဖြစ်နေမှာ...
ကဲ ...ဘယ်လောက်မိုက်လဲ...အခုပဲစလုပ်ကြည့်လိုက်ပါတော့..
လိပ်စာကတော့ ဒီနေရာမှာပါ ..အားလုံးပဲပျော်ရွှင်ကြပါစေ။

Thursday 1 March 2012

android ဖုန်းတွေမှာ မြန်မာဖောင့်ထည့်နည်း


http://61.145.124.93/soft/3GHeart/golauncher/v2.71/GO_Launcher_EX_v2.71.apk
ကျွန်တော်ကိုင်တဲ့ဖုန်းက sonyericsson xperia x 10 ပါ။အခုလိုမြန်မာစာနဲ့မြင်ရတာအသွင်တမျိုးဆန်းတာပေါ့။
မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ကျွမ်းကျင်နေလို့၊ဆရာလုပ်ချင်လို့မရည်ရွယ်ပါ။
မှတ်ချက်။   ။သင့်ဖုန်းဟာ root လုပ်ပြီး မြန်မာဖေါင့်ထည့်ပြီးမှသာအသုံးပြုလို့ရပါမည်။
android ဖုန်းတွေရဲ့ home screen မှာ အပေါ်ကပုံလိုမြန်မာလိုဖေါ်ရန် အရင်ဆုံး GO launcher EX ကိုဒေါင်းလိုက်ပါ။
သင့်ဖုန်းထဲကိုထည့်ပြီးinstall လုပ်ပြီးrun လိုက်ပါ။သင်ထားချင်သောshortcut icon များကို add မှတဆင့် homescreen သို့တင်ပါ။
မြန်မာလိုပြောင်းချင်သော icon ကို3second ဖိထားပြီး rename မှ မြန်မာလိုရိုက်ပြီးသုံးနိင်ပါပြီ။

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား