Thursday 26 April 2012

ဗေဒင် ဟောစတမ်း




ဆရာမျိုးဟန်ကို - 2013, February လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ အလုပ်သစ် နေရာအသစ် ရရှိလာမည်။ ကံကောင်းလာမည်။ အလုပ်ကိစ္စများ အတွက် ကူညီပေးသူ အကြံညဏ်ပေးသူများ ပေါ်လာမည်။ အထက်လူကြီးမှ အကူအညီရမည်။ အဆင်ပြေလာမည်။ ငွေကြေး ကံကောင်းလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ သူတစ်ပါးအတွက် ရုတ်တစ်ရက် ငွေကုန်ကျများနေမည်။ သူငယ်ချင်းများနှင့် အဆက်အသွယ်ပြတ်နေမည်။ စက်ပစ္စည်းပျက်မည် အသစ်ဝင်မည်။ 

လူလိမ်ခံရကိန်း ရှိပါသည်။ ခရီးသွားပါက ဂရုစိုက်ပါ။ လက်ဆောင်ပစ္စည်းများ ရရှိမည်။ ပညာရေး ကြိုးစားနေရသော အချိန်ကာလလေးပါ။ သင်တန်းကိစ္စများ အဆင်ပြေလာမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေနေမည်။ အိမ်ထောင်ရေး ကိစ္စများ စိတ်သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေပြီး စကားများနေရမည်။ ကျန်းမာရေး ခါးနာ ဒူးနာ ဖြစ်မည်။ ချောင်းဆိုးမည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် စံပယ်ပန်း(၂၃)ပွင့်အား နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ ၇ ၆ ၄ ၁ 
၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ရုတ်တစ်ရက် ငွေဝင်ကိန်း ရှိပါသည်။ မိမိ မိသားစု အတွင်း လူဝင်မည်။ အိမ်အနီးတွင် နာရေးကိစ္စများ ဖြစ်ပေါ်မည်။ ဘာသာရေး ကိစ္စများ ပြုလုပ်ရမည်။ အဝတ်အထည် ဝင်မည်။ အိမ်မက်ကောင်း မက်မည်။ သူငယ်ချင်းများ နှင့် စိတ်သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေမည်။ ပညာရေး ရည်ရွှယ်ချက် အသစ်ပေါ်မည်။ ကြိုးစားနေရမည့် အချိန်လေးပါ။ 

ခရီးယာယီများ သွားနေရမည်။ မိသားစုကိစ္စများ အတွက်နှင့် အနည်းငယ် စိတ်ညစ်နေရမည်။ အချစ်ရေးကိစ္စများ ဝေးနေရသော အချိန် ၊ နေ့ရက်လေးတွေကို ဖြတ်သန်းနေရမည် ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများမှာ အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနလာင်္နေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် သရက်သီး(၂၁)စိပ်အား နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၆ ၅ ၄ ၃ 
၃။ အင်္ဂါ သားသမီးများ အတွက် 

ယခုလအတွင်း လိုရာဆန္ဒများ အဆင်မပြေသေးပါ။ ရည်ရွယ်နေသော စိတ်ကူးများ မအောင်မြင်သေးပဲ ဖြစ်နေမည်။ နည်းနည်းတော့ အချိန်ကို စောင့်ရမည်။ အလုပ်အကိုင် ကိစ္စများ အတွက် စိတ်ညစ်နေရမည်။ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အခက်အခဲ အနည်းငယ် ရှိပါသည်။ ယခုလအတွင်း ငွေကြေးကိစ္စများ အနည်းငယ် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ အတွက် ကူညီသူ ပေါ်လာမည်။ 

ခရီးကိစ္စ အဆင်မပြေသေးပါ။ နေရာသစ် ရရှိမည်။ ဖုန်းဝင်မည် ၊ မြေဝင်မည်။ ပညာရေးမှာ ကြိုးစားနေရမဲ့ နေ့ရက်လေးပါ။ အချစ်ရေးမှာ အဆင်ပြေနေမည်။ ခဏခွဲခွာရသော အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ အိမ်ထောင်ရေးမှာ စကားများ နေသော အချိန်လေးပါပဲ။ ကျန်းမာရေးမှာ လက်နာမည် ၊ အစားမှားခြင်း ဖြစ်မည်။ (ယခုလ အတွင်း အရက်သောက်ခြင်း ရှောင်ပါရန်) ယတြာ = ကံကောင်းစေရန် အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် စပျစ်သီး ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၅ ၄ ၂ 
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက် 

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။ လုပ်ငန်းကိစ္စများ အကုန်လုံး အဆင်မပြေပေမဲ့ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လုပ်ငန်းကိစ္စများ နေရာတိုင်ခင်း ကိစ္စများ ပြောင်းရွှေ့မှု ရှိသော်လည်း အဆင်ပြေနေမည်။ ယခုလ အတွင်းမှာ မိမိကို ကူညီသော်လည်း မိမိအား စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ စကားများရကိန်း မရှိပေမဲ့ အနည်းတော့ စိတ်ညစ်နေမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်နေမည်။

ငွေကြေး ကူညီပေးသူရှိပါသည်။ အဖတ်မတင်ပါ။ ရသလောက် ကုန်ကျမှုများ ရှိပါသည်။ ယခုလ အတွင်းမှာ သွားလာမှု ကိစ္စများနေမည်။ အငြိမ်မနေရပါ။ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေး ကံညံ့နေသော အချိန်လေးပါ။ အချစ်ရေးမှာ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ ပြသာနာ ကြီးကြီးမားမား မရှိသော်လည်း စကားများရနေမည်။ ခဏ ယာယီ ခွဲခွာရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေမည်။ စကားပြောဆိုမှုများလည်း အောင်မြင်ပါသည်။ ကျန်းမာရေးမှာ အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သင်္ဘောသီးကပ်လှူ၍လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၀ ၆ ၅ ၃ 
၅။ ကြာသပတေး သားသမီးများ အတွက် 

ယခုလအတွင်း ရည်ရွှယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ယခုလအတွင်း ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်မည်။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ မိသားစု အတွင်း ကျန်းမာရေးညံ့မည်။ အထက်လူကြီးနဲ့ တိုင်ပင်၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ မိသားစုကိစ္စ အိမ်ကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ စီးပွားရေးကိစ္စတွေမှာ ကူညီသူများ ရှိနေသော်လည်း စိတ်ညစ်နေရမည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ စုမိအောင် ကြိုးစားပါ။ ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေပါသည်။ ခရီးဝေးသို့ ထွက်ရမည်။ ပညာရေး တိုးတက်လာမည်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရမည်။ အချစ်ရေးမှာ ဒုတိယ ချစ်သူနဲ့ အဆင်မပြေပါ။ စကားများနေရမည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေပေမဲ့ အဆင်ပြေပါသည်။ ယခုလအတွင်း ကျန်းမာရေးညံ့မည်။ အအေးမိခြင်း ၊ ထိမိခိုက်မိခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် သံပရာရည်တစ်ခွက် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၇ ၈ ၅ ၂ 
၆။ သောကြာ သားသမီးများ အတွက် 

ယခုလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးများနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ စက်ပစ္စည်းများဝင်မည်။ စနေနံပစ္စည်းများ ဝင်လာပါက နိမိတ်ကောင်းသည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ဘာသာရေးကိစ္စများ လုပ်ဆောင်ရမည်။

နိုင်ငံခြား ကိစ္စများ ပညာရေးကိစ္စများ အောင်မြင်လာမည်။ ထီကံစမ်းလိုက်ပါ။ တနင်္လာနံ ပစ္စည်းများ ဝင်လာမည်။ ခရီးသွားလာမှုများကို ဂရုစိုက်ပါ။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ် ဇတ်လမ်းလေး တွေ့ရမည်။ အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး မျက်စိအားနည်း ၊ ခါးနာ ဒူးနာ ဖြစ်မည်။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် ပန်းသီး(၅)လုံး ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၃ ၅ ၂ ၀ 
၇။ စနေသား သမီးများ အတွက် 

ယခုလအတွင်းမှာ အလုပ်အကိုင်များ အဆင်ပြေလာမည်။ အလုပ်သစ် နေရာအသစ်များ ရရှိလာမည်။ လက်ရှိ ပြသာနာများ စကားပြောဆိုမှု ကိစ္စများ အဆင်မပြေသော်လည်း အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေစုမိလာမည်။ စက်ပစ္စည်းဝင်မည်။ ထီကံကောင်းလာမည်။ ထီကံစမ်းကြည့်ပါ။ ခရီးဝေး ထွက်ရမည်။ မိမိနှင့်အတူနေသော သူတစ်ဦးမှ မိမိအားဒုက္ခပေးလာမည်။ မိသားစုအတွင်း တိုးတက် အောင်မြင် အဆင်ပြေလာမည်။ 

ပညာရေး ကိစ္စများ ကြိုးစားမှု အားနည်းနေမည်။ ခရီးဝေးသွားလာနေရမည်။ ဒီလအတွင်း အချစ်ရေး ကိစ္စများ ချစ်သူနဲ့ ခွဲခွာရမည်။ ဒဏ်ရာများနဲ့ နေရသော နေ့ရက် လေးတွေကို ဖြတ်သန်းရေမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းနေမည်။ ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နှင်းဆီနီ ၇ ပွင့်ကို မိမိ နေအိမ်ဘုရားတွင် ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများ ။ ။ ၈ ၉ ၀ ၃ 
ယခုလအတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ - Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

3 comments:

  1. ကျေးဇူးတင်ပါတယ်အစ်ကို အွန်လိုင်း

    ReplyDelete
  2. blog အကြောင်းတွေကိုလည်း ရေးစေချင်တယ် အစ်ကို
    ကျွန်တော်လည်းရေးချင်လို့ ကျေးဇူးတင်ပါတယ်အစ်ကို၊

    ReplyDelete
  3. Online မင်းသား: ဗေဒင် ဟောစတမ်း >>>>> Download Now

    >>>>> Download Full

    Online မင်းသား: ဗေဒင် ဟောစတမ်း >>>>> Download LINK

    >>>>> Download Now

    Online မင်းသား: ဗေဒင် ဟောစတမ်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား